ဘေဘီလေးတွေ ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ဆိုရင်
ကလေးက လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းမှာကို စိတ်ပူနေသလား? ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးမှာမို့ အပြီးထိ ဖတ်ကြည့်ရင်း အကောင်အထည်ဖော်လိုက်တော့နော်။
လူမှုပေါင်းသင်းဆက်ဆံရေး ဆိုတာ ဘာလဲ?
လူမှုပေါင်းသင်း ဆက်ဆံရေးဆိုတာက
- အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်ပါ
- ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းပါ
- အောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းနိုင်စွမ်းပါ
- ကိုယ်ရည်ကိုယ်သွေးပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ
- အခြားကလေးတွေနဲ့ သူငယ်ချင်း လုပ်နိုင်မှု စွမ်းရည်ပါ
- ဆုံးဖြတ်ချက် ချနိုင်စွမ်းပါ
- အခြားသူတွေကို သည်းခံနိုင်စွမ်းပါ။
လူမှုပေါင်းသင်း ဆက်ဆံရေးကို သင်ကြားလို့ရလား?
လူမှုပေါင်းသင်းဆက်ဆံရေးကို သင်ကြားလို့ ရပါတယ်။ ဘယ်လို သင်ကြားပေးရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ကလေးတွေက သူတို့ကို ထိန်းကျောင်းသူတွေရဲ့ ထိန်းကျောင်းတဲ့ ပုံစံကို လိုက်ပြီး လူမှုပေါင်းသင်းမှု စွမ်းရည် တိုးတက်လာတာပါ။
- ကလေးရဲ့ စိတ်ဝင်စားမှုကို အလေးထားပါ
ကလေးက ဘာကို စိတ်ဝင်စားသလဲ ဆိုတာကို လေ့လာပါ။ ကလေးတွေရဲ့ စိတ်ဝင်စားမှုကိုလိုက်ပြီး သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကလည်း တိုးတက်လာပါတယ်။ ဒါကြောင့် ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ ကလေးရဲ့ စိတ်ဝင်စားမှုကို အလေးထားပေးပါ။
- ကလေးကို မေးခွန်း မေးတတ်အောင် သင်ပေးပါ
ကလေးကို နှုတ်နည်းတာမျိုး ပေါင်းသင်းဆက်ဆံတာ မကောင်းတာမျိုး မဖြစ်စေဖို့ဆိုရင် ကလေးကို မေးခွန်မေးတတ်တဲ့ အလေ့အထ လုပ်ထားပေးပါ။ ကလေးမေးတဲ့ မေးခွန်းတွေကို ပြန်ဖြေပေးဖို့လည်း ဝန်မလေးပါနဲ့။ မေးခွန်းတွေကို သေချာလေး ဖြေပေးတာက ကလေးကို မေးခွန်း မေးတတ်တဲ့ အလေ့အထ ရစေပြီး လူမှုဆက်ဆံရေး ကောင်းစေဖို့ ထောက်ကူပေးမှာပါ။
- ကလေးကို သရုပ်ဆောင် ကစားတတ်အောင် လုပ်ဆောင်ပေးပါ
ကလေး ပေါင်းသင်းဆက်ဆံရေး ကောင်းစေချင်ရင် ကလေးကို ဇာတ်ရုပ်တွေ အဖြစ် သရုပ်ဆောင်တဲ့နည်း ကစားပေးပါ။ ဒီလို ကစားတဲ့အခါ ကလေးနဲ့ မျက်လုံးချင်း ချိတ်ဆက်မိဖို့၊ ပြုံးပြဖို့၊ ကိုယ်ဟန်အမူအရာတွေပါ ထည့်သွင်းလုပ်ဆောင်ဖို့ မမေ့ပါနဲ့။
- ကိုယ်ချင်းစာတတ်အောင် သင်ပေးပါ
ကလေးကို အခြားသူတွေရဲ့ ခံစားချက်တွေကို သိရှိပြီး အခြားသူတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်စေဖို့ ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့အတွက် ငယ်ငယ်ကတည်းက ကိုယ်ချင်းစာတတ်အောင် သင်ပေးထားပါ။
- ကလေးရဲ့ လုပ်ဆောင်နိုင်မှု အတိုင်းအတာကို သိပါ
ကလေးတိုင်းက ပေါင်းသင်းဆက်ဆံရေး မကောင်းနိုင်ပါဘူး။ အချို့ကလေးတွေက အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ ဝန်လေး တတ်ကြတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးက လူအများနဲ့ ဆက်ဆံရတာကို ကြိုက်တာလား? တစ်ယောက်တည်းနေရတာကို သဘောကျတာလားဆိုတာကို လေ့လာပါ။
- လမ်းပြကောင်း ဖြစ်ပါစေ
ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းစေချင်ရင် ကိုယ်တိုင်ကလည်း ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် လုပ်ဆောင်ပါ။ ကိုယ်တိုင်က ရှေ့ဆောင် လမ်းပြကောင်း ဖြစ်အောင် နေပေးပါ။
ကလေးကို ငယ်ငယ်ကတည်းက ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ သင်ကြားပေးပါ။ နေ့တိုင်း မပျက်မကွက်ပေါ့။
မွန်မွန်